Videos

စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချ

ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီး ယနေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်၏ ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို KIA ပစ်ချခဲ့ကြောင်း သိရသည်။

ဓာတ်ပုံနှစ်ပုံရဲ့ နောက်ကွယ်

ကရာတေးပြိုင်ပွဲတွေမှာ ဆုတွေရခဲ့ပေမဲ့ လက်ရှိအချိန်တော်လှန်ရေးရဲ့ ကျရာကဏ္ဍမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်နှစ်ဦးရဲ့အကြောင်းကို The 74 Media က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွင် သက်ကြီးရွယ်အို အများစုပါဝင်နေ

KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဘော်ဆာဒီဌာနေပြည်သူ့စစ်တပ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်နေပြီး အသက် ၇၀ ကျော်အရွယ်တွေလည်း ပါဝင်နေပါတယ်။  

KIA က ပြည်သူ့စစ်စခန်းတွေကို တစ်ချိန်တည်းမှာတိုက်ခိုက်၊ ရှမ်းမြောက်မှာ မြို့ ၉ မြို့အထိ သိမ်းပိုက်ထား

ပြည်သူ့စစ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရလို့ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ တစ်ချိန်တည်းမှာပဲ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့နဲ့လိုင်ဇာမြို့တို့ကို အကြောင်းမဲ့ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။    

အပစ်ရပ်ရေးသဘောတူညီမှုရယူထားသော်လည်း စစ်ကောင်စီတပ်စခန်းနှင့် မြို့များဆက်တိုက်သိမ်းပိုက်ခံရ

စစ်ကောင်စီဘက်က ဘာတွေလိုက်လျောပေးခဲ့ရသလဲဆိုတာကို အသေးစိတ်မသိရသေးပေမဲ့ ဆွေးနွေးမှုအပြီး ၁၅ ရက်တာအပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တာဟာ မဟာဗျူဟာအရရော၊ နည်းဗျူဟာအရပါအဘက်ဘက်က ကျရှုံးနေတဲ့ စစ်ကောင်စီတပ်အတွက် အသက်ရှူချောင်သွားစေတဲ့ ‘တိုင်းမ်အောက်’ (timeout) ဒါမှမဟုတ်...

၁၀၂၇ စစ်ဆင်ရေး စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ တွေ့ဆုံမှုနဲ့ ရှမ်းမြောက်ရဲ့ တစ်ပါတ်တာတိုက်ပွဲအခြေအနေ

ကိုးကန့်ဒေသမှာ တိုက်ပွဲအနည်းငယ်လျော့နည်းသွားပေမဲ့ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ လားရှိုး စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်ရဲ့ တစ်ပါတ်တာ တိုက်ပွဲသတင်း

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်ဟာ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ လိုင်ဇာမြို့ကိုကျော်ပြီး တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲခဲ့တာတွေရှိသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။  

တစ်ပါတ်အတွင်း စစ်ကောင်စီတပ်စခန်း ၂၀ ကျော်သိမ်းပိုက်ခံရ

တမူးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အစပ် အောင်ဇေယျကျေးရွာက စစ်ကောင်စီပူးပေါင်းတပ်စခန်း၊ ပလက်ဝမြို့နယ်က နှုံးဘူးဗျူဟာကုန်းနဲ့ ထရွန်အိုင် ဗျူဟာကုန်း၊ လွိုင်ကော်မြို့က ပြည်နယ်ရဲစခန်း၊ မုန်းမြို့က စစ်ကောင်စီစခန်း ၅ ခုအပြင် ညီနောင်မဟာမိတ်အဖွဲ့က...

စစ်သားအိုတွေကို သေတွင်းပို့နေတဲ့ စစ်ကောင်စီတပ်

ရန်ကုန်လို မြို့ကြီးတွေမှာ သံချပ်ကာကားတွေ၊ ခေတ်မီလက်နက်တွေ၊ လူငယ်တပ်သားတွေသုံးပြီး ဟန်ပြနေပေမဲ့ ရှေ့တန်းမှာ ဖမ်းဆီးခံနေရတဲ့ စစ်သုံ့ပန်းတွေကတော့ သက်ကြီးရွယ်အိုစစ်သားတွေပါ။  

“မင်းအောင်လှိုင်လက်အောက်မှာနေသရွေ့ အသေဆိုးနဲ့ သာမန်သေ နှစ်သေပဲ သေဖို့ရှိတဲ့အတွက်ကြောင့်…..”

ဗိုလ်ကြီးဟောင်း နေမျိုးဇင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လက်ရှိစစ်ကောင်စီတပ်ရဲ့အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို The 74 Media က မေးမြန်းထားပါတယ်။

စစ်ဗျူဟာကျတဲ့ လောက်ကိုင်မြို့ပေါ်က စစ်ကောင်စီစခန်းကုန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

 MNDAA တပ်က လောက်ကိုင်မြို့ရဲ့ တောင်ဘက်အခြမ်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နဲ့ တာရွှေထန် စတဲ့တပ်စခန်းလေးခုသာ ကျန်ရှိနေတော့တာပါ။