စစ်ကောင်စီက လက်နက်နှင့် ရိက္ခာတင်သင်္ဘောငါးစီးကို လေယာဉ်ဖြင့်လုံခြုံရေးယူကာ ကသာသို့ပို့
လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသည့်စစ်သင်္ဘောငါးစီး ယနေ့ညနေ ၃ နာရီခန့်က ကသာမြို့နယ်သို့ရောက်ရှိခဲ့ပြီး လုံခြုံရေးယူပေးသော စစ်ကောင်စီလေယာဉ်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။