The 74 Media

ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ငန်းခွင်တွင် မြေပြိုပြီး ၂၀ ကျော်သေဆုံး

ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းခွင်တစ်ခုတွင် ယမန့်နေ့ နံနက်ပိုင်း ၉ နာရီခန့်က မြေပြိုပြီး လူနှစ်ဆယ်ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

တီးတိန်မြို့တွင် စစ်ကောင်စီတပ်က နေအိမ် ၅၀ ထက်မနည်းကို မီးရှို့ဖျက်ဆီး၊ ဒေသခံထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေ

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်အလုံပေါင်း ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) တပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်

ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၅၈) ကို ယမန်နေ့ည ၇ နာရီခန့်တွင် (KIA) ပူးပေါင်းတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တအောင်းတပ် (TNLA) က ကျောင်းဖွင့်ရန်ခွင့်မပြုသဖြင့် ဒေသခံများနှင့်အချေအတင်ဖြစ်

ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာဒေသခံများက ကိုယ်ထူကိုယ်ကျောင်းဖွင့်လိုသော်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ခွင့်မပြုဘဲတားဆီးထားသဖြင့် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် နှစ်ဖက်အချေအတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူ ၃၀ နီးပါးအထိရှိလာ၊ ဒဏ်ရာရသူ ၄၀ ကျော်ရှိပြီ

စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သော စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှ မင်္ဂလာဆောင်တွင် သေဆုံးသူ ၂၉ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၄၁ ဦးခန့်ရှိကြောင်း သိရသည်။

မိုးမောက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်များ ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

မိုးမောက် – လွယ်ဂျယ်လမ်းမှာ စစ်ကောင်စီကင်းစင်၊ ထိုးစစ်အရှိန်တင်နေဆဲ KIA

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပါတ်ကတော့ KIA ပူးပေါင်းတပ်က မိုးမောက် – လွယ်ဂျယ်သွားတဲ့ လမ်းက စစ်ကောင်စီတပ်စခန်း အကြီး၊ အငယ် အပါအဝင် စုစုပေါင်း ၁၂ ခုထက်မနည်း...

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဘိမ်းမြို့နယ်မှ သံဃာတော်တစ်ပါး၊ ကလေးသူငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့ည ခုနှစ်နာရီခန့်က သံဃာတော်တစ်ပါးနှင့်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖားကန့်တွင် KTV မှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ

ဖားကန့်မြို့၊ မရှီကထောင်ကျေးရွာတွင် ယနေ့ နံနက် ၆ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့သည့် ဆားမှော်ဒေသခံအားလုံး ပြန်လွတ်ပြီ

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများ ယမန်နေ့ နံနက် ၇ နာရီခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဗုံးကြဲသဖြင့် ထိခိုက်ဒဏ်ရာရရှိသူများမှ နှစ်ဦးထပ်မံသေဆုံး

မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများမှ နှစ်ဦးထပ်မံသေဆုံးသွားသဖြင့် သေဆုံးသူ ခုနှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မိုးမောက်တွင် စစ်ကောင်စီစခန်းတစ်ခုကို KIA ထပ်မံတိုက်ခိုက်သိမ်းပိုက်

မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ ညနေ ၆ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထမ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။