ဖားကန့်မြို့နယ်ရှိနေရာအချို့တွင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲများဖြစ်ပွားနေ
ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ညနေပိုင်းမှစတင်ကာ ဖားကန့်မြို့နယ်ရှိ ကျေးရွာအချို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်းသိရသည်။