မိုးမောက်မြို့နယ် KIA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဆလောင်းကုန်း အနီးတစ်ဝိုက်တွင် ဧပြီ ၃၀ ရက်နေ့ နံနက် ၂ နာရီမှ ၂:၄၀ အချိန်ထိစစ်ကောင်စီတပ်မှ
ဂျက်ဖိုက်တာ ၂ စီးဖြင့် ၆ ကြိမ် လာရောက်ပစ်ခတ်ပြီး ယနေ့နံနက် ၅ နာရီ အချိန်ထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

အလားတူ မိုးမောက်မြို့နယ် KIA တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေ၊ အလော့ဘွမ် နောက်မှ သုသာန်ဘက်တွင်
စစ်ကောင်စီတပ်မှ ၁၂၂မမ နှင့် နံနက် ၁၀ နာရီခန့်တွင် ၂ ကြိမ်၊ ၁၁ နာရီမှ ၁၁ နာရီခွဲအချိန်တွင်း ၁၁ ကြိမ်နှင့် မွန်းလွဲ ၁၂:၅၀ နာရီမှ ၁:၁၅နာရီ အတွင်း ၅ ကြိမ် ပစ်ခတ်ခဲ့သည်။
ထို့အပြင် KIA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ တပ်ရင်း ၂၅ ဆဒုံးဒေသတွင် ဧပြီ ၃၀ ရက်နေ့ည ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၁ စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တနိုင်းမြို့နယ်ရှိ KIA တပ်မဟာ ၂ တပ်ရင်း ၁၄ ထိန်းချုပ်နယ်မြေ နမ်ဗျူ နမ်ခမ်းတွင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က နမ်ဗျူ နမ်ခမ်း၌ တပ်စွဲထားသော ခလရ ၇၄ မှ တပ်ဖွဲ့ များနှင့် နမ်ခမ်း
ဘုန်းကြီး‌ ကျောင်းအနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့သည်။
ယခုချိန်တွင် စစ်ကောင်စီတပ်မှ အပစ်အခတ်ရပ်စဲရေးကာလ ၁ လတိုးမြှင့်ကြောင်း ကြေညာထားသော်လည်း နေ့စဉ်နေ့တိုင်း စစ်အင်အား တိုးမြှင့်နေဆဲဖြစ်ပါတယ်။
Source – EEDY Shiga
သင့်ထင်မြင်ချက်ရေးပေးပါ