ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် နောင်ခိုရပ်ကွက်တွင် ယနေ့ည ၈ နာရီခွဲဝန်းကျင်၌ လက်နက်ကြီးများပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဗန်းမော်မြို့မှ ၁ မိုင်ခန့်ကွာဝေးသော နောင်ခိုရပ်ကွက်တွင် လက်နက်ကြီးပစ်ခတ်သံ အချို့ကြားရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ၈နာရီ ၃၇ မိနစ်လောက်မှာကြားရတာ။ လက်နက်ကြီးသံ အုန်းကနဲပဲ အခုလေးတင်ဟုတ်တယ်။ နောင်ခိုဘက်ကကြားတာ။ အခုဆို ၄ ချက် ၅ ချက်လောက်ရှိပြီ ” ဟုပြောသည်။
လက်နက်ကြီးပစ်ခတ်နေမှုမှာ တစ်ဖက်တည်းပစ်ခတ်နေမှုဖြစ်ကြောင်း ဒေသခံကပြောသည်။
နောင်ခိုကျေးရွာတွင် အမြောက်တပ် ၂၃၆ ရှိသည်ဟုလည်းသိရသည်။
အလားတူ ယနေ့ည ၈ နာရီဝန်းကျင်ခန့်တွင် ကောင်းကင်သို့ပျံသန်းနေသော Drone အား ဗန်းမော်ရဲစခန်းမှ သေနတ်ဖြင့် အချက် ၄၀ ခန့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – ဗန်းမော်မြို့မရဲစခန်းမှ ဒရုန်းတစ်စင်းကို သေနတ်ဖြင့်ပစ်ခတ်စဉ်
သင့်ထင်မြင်ချက်ရေးပေးပါ