Breaking!!!
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာတွင် ယနေ့ ည ၁၀ နာရီဝန်းကျင်ခန့်မှ စတင်ပြီး လက်နက်ကြီးငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုအချိန်အထိ လက်နက်ကြီးငယ်များဖြင့် မရေမတွက်နိုင်အောင်ပင် ပစ်ခတ်နေ​ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အခု…အခုတောင် အရမ်းပစ်နေတယ်၊ သေနတ်သံ၊ ဗုံးသံတွေကတော့ ရေတွက်လို့တောင် မနိုင်တော့ဘူး၊ မြေကြီး​တောင်တုန်တယ်၊ နေရာတကာက အသံတွေကြားနေရတယ်” ဟု ပြောသည်။
မော်ဖောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ အမြောက်တပ်နှင့် လေတပ် အခြေစိုက်ရှိသည့် နေရာလည်း ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ