ဖားကန့် ဆိပ်မူတွင် လင်မယားချင်းရန်ဖြစ်ပြီး ဇနီးဖြစ်သူက ခင်ပွန်းကို ဓားဖြင့်ထိုး

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ ရပ်ကွက် ၃ တွင် ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီခန့်က လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖားကန့် ဆိပ်မူတွင် လင်မယားချင်းရန်ဖြစ်ပြီး ဇနီးဖြစ်သူက ခင်ပွန်းကို ဓားဖြင့်ထိုး

 

လင်မယားချင်း စကားများရန်ဖြစ်ရာမှ မိန်းမဖြစ်သူက ခင်ပွန်းဖြစ်သူကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟု ဒဏ်ရာရသူကို လိုက်ပါကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းက The 74 Media ကို ပြောသည်။
“ညတုန်းက မေတ္တာရှင်ကို သွားပို့တာ၊ သူတို့က ခဏခဏ စကားများတယ်ပြောတယ်၊ မိန်းမ ဓားနဲ့ထိုးပြီး အပြင်ကိုထွက်သွားတာနေမှာ အဲ့တော့ သူ့ယောကျာ်းက သူနေတဲ့အိမ်ကနေ ကုန်းပေါ်တက်လာပြီး သူငယ်ချင်းအိမ်ထဲမှာ ဝမ်းယားမှောက်ကြီးဖြစ်နေတာလေ၊ အခုသူ့မိန်းမ အိမ်မှာ မရှိဘူး ” ဟု သူကပြောသည်။
ရရှိထားသည့် ဒဏ်ရာက ချုပ်ပြီးဖြစ်၍ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်းသူကဆက်ပြောသည်။

ယခုအချိန်တွင် ဒဏ်ရာရသူ အမျိုးသားမှာ သူ၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ