ဖားကန့် တာမခန်သပိတ် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရ

ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်ကျေးရွာတွင် ယနေ့ ဇွန်လ ၃၀ ရက်နေ့၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်ပြုလုပ်သည့် စုရပ်အနီးတွင် ပြည်သူလေးဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ဖားကန့် တာမခန်သပိတ် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရ

 

စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅ ဦးခန့်က သေနတ်ဖောက်ကာ ရောက်ရှိလာပြီး သပိတ်တွင်ပါဝင်သည်ဟု ဆိုကာ ပြည်သူလေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။
“သေနတ် ၂၀ ချက်ကျော်ဖောက်ပြီးမှ ကျွန်တော်တို့လည်း အကုန်ပြေးရတာပေါ့လေ၊ ဒလန်သတင်းပေးတာထင်တယ် ဘောလုံးကွင်းအစပ်နားမှာ ခွဲခံရတာ၊ အကုန်ပြေးကြရတာ သပိတ်စစ်ကြောင်း ဖြိုလိုက်တာပေါ့၊ အိမ်စီးကားနှစ်စီးနဲ့ ကားအမဲနောက်ဖုံးဖွင့်ပြီး နောက်ပြန်ကြိုးတုတ်ပြီး ခေါ်သွားတာ” ဟု သူကပြောသည်။
သပိတ်ဖြိုခွင်းရာတွင် ဆောင်းဘောက်တင်ထားသော ဆိုင်ကယ်ယူသွားပြီး ဘင်ခရာကိုလည်း ဓားဖြင့် ခွဲကာ ဖျက်ဆီးသွားကြောင်းသူကဆက်ပြောသည်။
ဖမ်းဆီးခံရသူများ၏ အမည်ကို စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ် တာမခန်ကျေးရွာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုများ မကြာခဏပြုလုပ်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ