မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား ၁၄၀ ခန့် ပြန်လွတ်

မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား ၁၄၀ ခန့် ယနေ့ ဇွန်လ ၃၀ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပြန်လွတ် လာကြောင်းသိရသည်။

မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား ၁၄၀ ခန့် ပြန်လွတ်

 

ပြန်လည်လွတ်မြောက်လာသူများတွင် ဆရာမနှစ်ဦးလည်းပါဝင်ပြီး စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြပြီး ဖမ်းဆီးခံရသူများ အများအပြားပါဝင်သည်။
သို့သော် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေများနှင့် သတင်းထောက် များ ပါဝင်လာခြင်းမရှိသေးကြောင်း ကနဦးသိရသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အကျဉ်းသား ၂၃၀၀ ကျော်လွတ်ပေးခဲ့ပြီး စစ်အာဏာသိမ်းသည့်နောက်ပိုင်း ဒုတိယအကြိမ် လွတ်ပေးခြင်းဖြစ်သည်။

Edit: ဝိုင်းမော်မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်က ဖမ်းဆီးခံရသည့် ဆရာမတစ်ဦးနှင့် အရပ်သားတစ်ဦးတွင် အရပ်သားဖြစ်သူ ဒေါ်ဇတန်းဇေညွယ် ပြန်လွတ်လာခြင်းဖြစ်သည်။ ဆရာမဒေါ်လငန်လွမ်းနော ပြန်လွတ်လာခြင်းမရှိသေးပါ။

သင့်ထင်မြင်ချက်ရေးပေးပါ