ဟိုပင်မြို့ခံတစ်ဦးတွင် ကိုဗစ်ပိုးတွေ့၊ မြစ်ကြီးနားတွင် ကွာရန်တင်းဝင်နေ

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်ရှိ နယ်မြေ (၅) တွင် နေထိုင်သူ အမျိုးသားတစ်ဦးတွင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဟိုပင်မြို့ခံတစ်ဦးတွင် ကိုဗစ်ပိုးတွေ့၊ မြစ်ကြီးနားတွင် ကွာရန်တင်းဝင်နေ

 

ဦးအောင်ထက်ထက် အသက် ၄၀ နှစ်သည် နေမကောင်းသဖြင့် ဆေးရုံတွင်သွားရောက် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သွားပြီး မသင်္ကာသဖြင့် နီးစပ်သူတစ်ဦးမှ The 74 Media ကိုပြောသည်။
“ဖျားနေတာတစ်ပတ်လောက်ရှိလို့ မြစ်ကြီးနားဆေးရုံမှာ သွားပြတာ။ မနေ့ကအနံ့မရလို့ သွားပြရင်း မသင်္ကာလို့ စစ်လိုက်တာ ကိုဗစ်ဖြစ်နေတာ။ မြစ်ကြီးနားမှာ Quarantine ဝင်နေပြီ။ မိသားစုက ဟိုပင်မှာပဲ။ ခရီးသွားရာဇဝင်ကတော့ သူကရန်ကုန်ပြန်လို့လည်း သိရတယ်”ဟု ပြောသည်။
ဖျားနာလူနာအား ဆေးရုံလိုက်ပါပို့ဆောင်သူ နှစ်ဦး Quarantine ဝင်နေရပြီး ထိတွေ့သူ ၁၁ ဦးအား စစ်ဆေးရာ ပိုးမတွေ့ရှိကြောင်း သူကဆက်ပြောသည်။
ဦးအောင်ထက်ထက်တွင် မိသားစုဝင် ခုနှစ်ဦးရှိကာ ဟိုပင်ရိပ်သာဘုန်းကြီးကျောင်းနားတွင် ဈေးဆိုင် ဖွင့်ထားကြောင်း သိရသည်။

မိုးညှင်းခရိုင်ရှိ ဖားကန့်မြို့နယ်တွင်လည်း ယမန်နေ့က အလားတူ ကိုဗစ်ပိုးတစ်ဦးတွေ့ရှိခဲ့ပြီး လွန်ခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ဖားကန့်မြို့နယ်တွင် (၂)ဦး၊ မိုးကောင်းမြို့နယ်တွင် (၁)ဦးနှင့် မြစ်ကြီးနားမြို့နယ်တွင် (၁)ဦး စုစုပေါင်း လေးဦး ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ