မြစ်ကြီးနားမှထွက်ခွာလာသည့် လူငယ်ဆယ်ဦး မိုးညှင်းတွင် အဖမ်းခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့ အင်ကြင်းကုန်းတွင် ဇွန်လ ၁၉ ရက်နေ့က မြစ်ကြီးနားမှလာသော လူငယ် ၁၀ ဦးကို PDF သင်တန်းဆင်းများဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

မြစ်ကြီးနားမှထွက်ခွာလာသည့် လူငယ်ဆယ်ဦး မိုးညှင်းတွင် အဖမ်းခံရ

 

ဖမ်းဆီးခံရသည့် လူငယ်များကို တရားခံစစ်သကဲ့သို့ စစ်ဆေးမေးမြန်းခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ခရီးသွားပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“မိုးညှင်းမြို့ မြို့ရှောင်လမ်းဆုံ BOC ပန့်ဆိုင်နားမှာ စစ်နေတာ။ အမြဲစစ်တာတော့ မဟုတ်ဘူး စစ်တဲ့အခါမှ စစ်တာ။ ကောင်လေးတွေကိုမေးတော့ ရွှေဘိုဘက်ကလို့ ဖြေသံကြားမိတယ်၊ လူငယ်လေးတွေ အားလုံး ၁၂ ယောက်ပါသွားတယ်။ ကောင်လေးတွေကို တရားခံစစ် စစ်နေတာ” ဟု သူကပြောသည်။
တားဆီးစစ်ဆေးသူများသည် အရပ်ဝတ်နှင့် လက်နက်ကိုင်များ ဖြစ်ပြီး မိုးညှင်းမြို့အဝင်၊ ဘီလူးမြို့လမ်းနှင့် ဆယ်မိုင်တို့တွင် စစ်ဆေးမှုများရှိကာ ဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း သူကဆက်ပြောသည်။

ကချင်ပြည်နယ် ပူတာအို နောင်မွန်မြို့၊ တနိုင်းမြို့နှင့် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်တို့တွင် စစ်သင်တန်း သွားရောက်သင်ယူရန်နှင့် သင်တန်းဆင်းဟု စွပ်စွဲကာ စုစုပေါင်း (၄၉)ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး အချို့ကို ပြန်လွတ်ပေးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ