ကေအိုင်အေကြားဖြတ်တိုက်ခိုက်

ကေအိုင်အေ တပ်မဟာ ၅ တပ်ရင်း ၁၉ ထိန်းချုပ်နယ်မြေ ဒေါ့ဖုန်းယန်မြို့နယ် (ခွဲ) တွင် ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့နယ်မှ စစ်ကောင်စီတပ်များ ရိက္ခာ လက်နက်နှင့် စစ်အင်အားတိုးချဲလာသောကြောင့် ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကေအိုင်အေကကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းအထိ လက်နက်ကြီးသံများ ကြားရသည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း နွန်လမ်း အထက်ဘက သို့ တက်လာသော စစ်ကောင်စီတပ်အား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်မှုများ ရှိခဲ့သည်။
လဂျားယန်နှင့် နားလုံကျေးရွာကြားတွင်လည်း ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် စစ်အင်အားတိုးချဲ့ရန်တက်လာ‌ေသာ စစ်ကောင်စီတပ်၏ ကားကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ကလည်း ဒေါ့ဖုန်းယန် နွန်လမ်းနှင့် လဂျားယန် အနီးတဝိုင်တွင် လုံခြုံရေးတင်းကြပ်ကာ စစ်အင်အားဆက်လက်တိုးချဲ့နေသည်ဟု သိရသည်။
ကချင်ပြည်နယ် ရှမ်းပြည်နယ် အထက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ရိက္ခာ၊ လက်နက်နှင့် စစ်အင်အားများ တိုးချဲနေဆဲဖြစ်သောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နိုင်ကြောင်းသိရသည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ