ဟိုပင်2

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ယနေ့ ဇွန်လ ၁၈ ရက် ည ၈ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မြသာယာရပ်ကွက်တွင်နေထိုင်သူ အသက် ၃၃ နှစ်အရွယ် ကိုဖြိုးကို ခြေထောက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ တစ်ဦးက The 74 Mediaကို ပြောသည်။

“အခုပဲ ပတ်တီး စီးပေးခဲ့တာ၊ ဘယ်ခြေထောက်က ကျည်ဝင်ထားတယ် အိမ်ရောက်ခါနီး လမ်းမှာ ပစ်ခံရတာ၊ သူတို့က မြို့အနှံ့ပတ်ပြီး မဲမဲမြင် ပစ်နေတာ” ဟု သူကပြောသည်။
ပစ်ခတ်ခံရသူသည် သေနတ်ဒဏ်ရာကြောင့် သတိလစ်သွားပြီး ခြေထောက်နှစ်ဘက်စလုံးတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
” ခြေနှစ်ဖက်လုံးထိပြီးသတိလစ်သွားတာ၊ အိမ်ပြန်ရောက်ရောက်ချင်းသတိလစ်သွားတယ်၊ ဘယ်ညာဒူးဆစ်အောက်နှစ်ဖက်လုံးထိတယ်၊ သူတို့ပဲ တစ်မျို့လုံးပတ်ပစ်နေတာ” ဟု ဆိုသည်။
ထို့အပြင် ယနေ့ ည ၈ နာရီခွဲခန့်မှ စတင်ပြီး မြသာယာ၊ မြကျွန်းသာ၊အောင်နန်း စသည့် ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် ၃၀ ချက်ထက် မနည်း ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

ဟိုပင်မြို့ ဝက်ကုန်းတံတားတွင် မေလ ၂၄ ရက်ည ၈ နာရီခွဲခန့်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားြပီး လူနှစ်ဦးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ