ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးရပ်ကွက်ရှိ ကျောက်ကြီး ရဲစခန်းတွင် ယနေ့ မေလ ၂၆ ရက်နေ့ည ၁၀ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား

 

ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းတွင် ယနေ့ည ကြီးမားသည့် ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့သည်ဟု ရဲစခန်းအနီးမှ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာက ရဲစခန်းမှာ ပေါက်ကွဲတာပါ။ ဗုံးသံပါဗျ။ တိုက်ပွဲ မဟုတ်ပါဘူး။ ပေါက်ကွဲမှု သက်သက်ပါ။ ပေါက်ကွဲတာတော့ တော်တော်ကြီးမဲ့ အခြေအနေပါ ” ဟုပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုနှင် ပတ်သက်၍ The 74 Media မှ သီးခြားအတည်ပြုနိုင်ခြင်မရှိသေးပါ။

သင့်ထင်မြင်ချက်ရေးပေးပါ