ကယားပြည်နယ်၊ ဒီမော့ဆိုမြို့တွင် ယနေ့နံနက် ခြောက်နာရီကျော်ဝန်းကျင်က ဆိုင်ကယ်စီးလာသော ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပစ်ခတ်ခံရသူ နှစ်ဦးတွင် မိန်းကလေးဖြစ်သူသေဆုံးသွားပြီး ဒဏ်ရာရရှိသော ယောက်ျားလေးကိုမူ PDF တပ်ဖွဲ့ဝင်များက ကယ်တင်ခဲ့ကြောင်း ဒေသခံတစ်ဦးမှ The 74 Media ကို ပြောသည်။

“မိန်းကလေးကတော့ ဆုံးသွားပြီ။ ကောင်လေးကိုတောင် PDF တွေ သွားကယ်ထားတာ။

ချိုင်းနားမှာတော့ ကျည်ထိထားတယ်၊ ဒီလိုပဲ မဲမဲမြင်တာ ရမ်းပစ်နေတာ”ဟု သူကပြောသည်။ ဒဏ်ရာရရှိထားသော ယောက်ျားလေးကို လုံခြုံသောနေရာတစ်ခုတွင် ဆေးကုသမှုပေးနေကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီတပ်မှ ထိုကဲ့သို့ လမ်းသွားလမ်းလာပြည်သူများအား ယခင်နေ့များကလည်း ပစ်ခတ်မှုများရှိနေပြီး လက်ရှိအချိန်တွင် လမ်းသွားလမ်းလာပြည်သူများက အလံဖြူများကိုင်ဆောင်ပြီး သွားလာနေရကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ