ဖားကန့်မြိုနယ်

ဖားကန့်မြို့နယ်၊ ဆိပ်မူ အထက်တန်းကျောင်းအနီး ယနေ့ မေလ ၂၆ ရက် နေ့လည် ၁ နာရီခွဲခန့်တွင် ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆိပ်မူ အခြေခံပညာအထက်တန်းကျောင်းနှင့် စိန်မြသုခ ကျောင်းတိုက်ကြားတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အခင်းဖြစ်ပွားရာအနီးမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဆိုင်းတောင် ဆိပ်မူ စာသင်ကျောင်းနဲ့ စိန်မြသုခ ကျောင်းတိုက်ကြား လမ်းကြားမှာ ဖြစ်တာ ၊ အဲ့နားက ရဲတွေလည်း ရှိတယ်၊ ဓါတ်တိုင်‌‌ေတာ့ ကျိုးသွားတယ် လူအထိအခိုက်တော့ မရှိဘူး” ဟု သူက ပြောသည်။

ဖားကန့်မြို့နယ်ရှိ စာသင်ကျောင်းများနှင့် ရပ်ကွက်ရုံးများတွင် မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ဖားကန့်မြို့နယ်အတွင်းရှိ နေရာအချို့တွင် လမ်းသွားလမ်းလာ ပြည်သူများအား မကြာခဏ စစ်ဆေးမှုများပြုလုပ်လေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ