ခန္တီးရတနာမြေရှိ စစ်ကောင်စီစခန်းကို ကေအိုင်အေတိုက်ခိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးရတနာနယ်မြေရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကေအိုင်အေက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ခန္တီးရတနာမြေရှိ စစ်ကောင်စီစခန်းကို ကေအိုင်အေတိုက်ခိုက်

 

စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားနှင့် ရဲများစခန်းချထားသည့် စခန်းကို ကေအိုင်အေက နံနက် လေးနာရီပတ်ဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာနိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မနက် လေးနာရီလောက်ကနေ ပစ်ကြတာ၊ စစ်သားတွေအထိနာမယ်ထင်တယ်၊ စခန်းတွေ မီးလောင်နေတာ တွေ့ရတယ်” ဟု ပြောသည်။
ခန္တီးရတနာနယ်မြေသည် ရွှေ၊ ကျောက်စိမ်းနှင့် ပယင်းများထွက်ရှိသည့် ရတနာနယ်မြေတစ်ခုဖြစ်ပြီး NLD အစိုးရလက်ထက်တွင် လက်လုပ်လက်စားလုပ်ကွက်များ ချပေးခဲ့သည့် နေရာဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

သင့်ထင်မြင်ချက်ရေးပေးပါ