KDDF

မန္တလေးမြို့တွင် ကူညီတိုက်ခိုက်ခဲ့သည့် ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် (K.D.D.F) မှ နှစ်ဦးအဖမ်းခံရပြီး သုံးဦးကို အဆက်အသွယ်မရသေးဘဲ ကျရှုံးစာရင်းမသိရသေးကြောင်း သတင်းထုတ်ပြန်ထားသည်။

မန္တလေးမြို့ ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ PDF တပ်ခွဲများ၏ နေရာကို စစ်ကောင်စီက ဝင်ရောက်စီးနှင်းခဲ့ရာ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ဝင်ရောက်ကူညီတိုက်ခိုက်ခဲ့သည်ဟု ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် မန္တလေးမြို့တွင် စစ်ကောင်စီဘက်မှ သုံးဦးကျဆုံးပြီး မန္တလေး PDF မှ နှစ်ဦးကျဆုံးသည်ဟု DVB သတင်းဌာနက ရေးသားဖော်ပြထားသည်။

KDDF ၏ သတင်းထုတ်ပြန်ချက်မူရင်းလင့်ခ်ကို ဖတ်ရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။

https://www.facebook.com/permalink.php?story_fbid=114645617519755&id=104195321898118

သင့်ထင်မြင်ချက်ရေးပေးပါ