ကေ အိုင် အေ သေနတ်

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ယနေ့ည ၆နာရီဝန်းကျင်မှစတင်၍ စစ်ကောင်စီတပ်များ ကချင်လွတ်လပ်ရေးတပ် KIA ရှိရာသို့ အမြောက်များ၊ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများထံမှသိရသည်။

မံစီမြို့သို့ ယနေ့ည ၄ နာရီဝန်းကျင်၌ပင် စစ်ကောင်စီတပ်များ စစ်ကြောင်းတက်သွားသောကြောင့် ကချင်လွတ်လပ်ရေးတပ် KIA နှင့်ထိပ်တိုက်တွေ့နေခြင်းဖြစ်နိုင်သည်ဟုဒေသခံတစ်ဦးက သုံးသပ်သည်။
” မံစီမြို့နယ်ထဲဖြစ်နေတာ အထက်ဘက်ကျမယ်ထင်တယ်။ စစ်ကြောင်းတွေ ညနေ ၄ ခွဲလောက်ကမှ ကျောက်တောင်ကုန်းဘက်တက်သွားကြတာ ထိပ်တိုက်တွေ့ကြပြီထင်တယ်” ဟုပြောသည်။
မံစီမြို့၌ရှိသည့် ခမရ ၃၁၉ နှင့် ခမရ ၆၀၁ တပ်ရင်းအထဲတွင်လည်း တင့်ကားများရောက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

မံစီမြို့နယ်တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂ ရက်ရှိပြီဖြစ်ကာ ဆက်လက်ပြင်းထန်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ