မံစီမြို့ မောရဝတီရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ
ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ် မံစီမြို့နယ်ရှိ မောရဝတီရပ်ကွက်တွင် လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

မံစီမြို့ မောရဝတီရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲ

 

လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေသဖြင့် ရပ်ကွက်အတွင်းမှ ဒေသခံပြည်သူများ ဗုံးခိုကျင်းအတွင်းပုန်းခိုနေကြသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“၂ဖက်ပစ်ကြတာ ဘယ်ဘက်က ပစ်တဲ့ လက်နက်ကြီးလည်းတော့မသိဘူး။ အိမ်ရှေ့မှာကျတာ။ ခုတော့ ရပ်ကွက်ထဲကသူတွေလည်း ကတုတ်ကျင်းထဲ ပုန်းခိုနေပြီ လူထိတယ်တော့ မကြားသေးဘူး။” ဟုသူကပြောသည်။
ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ယနေ့နံနက် ၇ နာရီခွဲဝန်းကျင်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။
သင့်ထင်မြင်ချက်ရေးပေးပါ