မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်ရှိ ကျားဖြူဇာတ်ရုံတွင် ယမန်နေ့ မွန်းလွဲနှစ်နာရီခန့်က မူးယစ်ဆေးအသုံးလွန်ကာ အမျိုးသားတစ်ဦးသေဆုံးနေကြောင်းသိရသည်။

သေဆုံးနေသောသူသည် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း မေတ္တာလေးညှင်းလူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Mediaကို ပြောသည်။

“ကျွန်တော်တို့ကို အနီးအနားပတ်ဝန်းကျင်က ဖုန်းဆက်ခဲ့လို့သွားကောက်ခဲ့တာ၊ ဘယ်ကဆိုတာမသိရသေးဘူး။ အဲ့ဒါကြောင့်လိုင်းပေါ်တင်ပြီးစုံစမ်းနေတာ။ အခုထိမိသားစုနဲ့လည်းအဆက်အသွယ်မရသေးဘူး။ ဖိုးရှော့ခ်ဖြစ်ပြီးသေတာ။ ဘေးနားမှာလည်းဆေးထိုးအပ်တွေ့တယ်။ အခုတော့ဆေးရုံကြီးရင်ခွဲရုံကိုပို့ထားတယ်”ဟု ပြောသည်။

အဆိုပါရုပ်အလောင်းကိုဆေးရုံကြီးမှ အတည်ပြုချက်မရသေးခြင်းကြောင့် ယခုထိတိုင်မသဂြိုလ်ခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ ခေမာသီဝံဘုန်းကြီးကျောင်းအနီးတွင် မူးယစ်ဆေးအသုံးလွန်ကာသေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *