ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ ဈေးကုန်းတွင် ယနေ့ညနေ ၃ နာရီခန့်က စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဈေးကုန်းရပ်ကွက်တွင်နေထိုင်သူ အသက် ၄၂နှစ်အရွယ်ရှိ ကိုထွန်းနိုင်က အသက် ၂၁ နှစ်ခန့်အရွယ်ရှိ မခိုင်စုကြည် (ခ) ပါကျဲဆိုသူကို ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တရားခံနဲ့ မိန်းမက ရန်ဖြစ်ပြီး မိန်းမကဆင်းသွားတော့ သေသွားတဲ့သူက သွားတိုက်ဆေး၊ ဘာညာလာယူတာကို တရားခံကမေးတာ ငါ့မိန်းမဘယ်မှာဖွက်ထားလဲဆိုတာ မဖြေတော့ ဟိုကစိတ်မရှည်ပဲ ဓားနဲ့ခုတ်ချလိုက်တာ လည်ပင်းတောင်ပြတ်တော့မယ်” ဟုသူကပြောသည်။

​ပြစ်မှုကျူးလွန်သူ ကိုထွန်းနိုင်ကို လုံးခင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသူ၏ အလောင်းကိုလည်း လုံးခင်းဆေးရုံကြီးသို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

ဖားကန့်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁၇၀၀ ကျော် လူဦးရေ ၁၂၀၀၀ ကျော်နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ