ဖားကန့်မြို့နယ်၊ မရှီကထောင်ရက်ကွက်တွင် ယမန်နေ့ ည ၇ နာရီခွဲခန့်က ပျူ​စောထီး​ခေါင်း​ဆောင်ဟုဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ​သော​ကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး နေအိမ်တွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“သူက စစ်မှုထမ်းဟောင်း၊ ပျူစောထီးခေါင်းဆောင်​တွေထဲက တစ်ယောက်ပေါ့ ၊ သေနတ်နဲ့သုံးချက်ပစ်တာ နေရာမှာတင် ပွဲချင်းပြီး သေတာ။ သူက ကားလက်မှတ်​တွေရောင်းတယ်၊ ဈေးဆိုင်လေးဖွင့်ထားတယ်”ဟုပြောသည်။

ပစ်သတ်ခံရသူသည် အသက် ၄၀ နှစ်အရွယ်ခန့် ဦးအောင်ပိုင် ဖြစ်​ကြောင်းသိရသည်။

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုတွင် ဩဂုတ်လ ၁၉ ရက်နေ့ကလည်း မူးယစ်ဆေးဝါးရောင်းချသည့်နေရာများတွင် လိုင်းကြေးလိုက်သည့် ရဲတပ်ကြပ်တစ်ဦး လမ်းတွင် ပစ်သတ်ခံခဲ့ရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ