ပူတာအိုမြို့၊ လေယာဉ်ကွင်းရပ်ကွက် (၅)တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို ယမန်နေ့ ည ၁၀ နာရီခွဲအချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“လာဖမ်းတာက အများကြီးဘဲ။ အိမ်ပြင်မှာတွေကော အိမ်လမ်းကြားမှာတွေကော အများကြီး စစ်သားတွေ ။အဆက်အသွယ်တော့မရဘူး အခုထိ။ ဘယ်ကိုခေါ်သွားလဲဆိုတာမသိရဘူး။ သူလည်းဖုန်းမယူသွားဘူး။ ဖုန်းလည်းတစ်လုံးပဲ ကိုင်ထားတော့ မသိရဘူး” ဟုပြောသည်။

ဖမ်းဆီးခံရသူသည် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး စစ်ဆေးမေးရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ပူတာအိုမြို့၊ ဒုတ္ထန်ကျေးရွာနေ အမျိုးသားတစ်ဦးသည်လည်း စက်တင်ဘာ ၂၄ ရက်နေ့က ကေအိုင်အေနှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ