စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးဆင်နွဲနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်ပစ္စည်းများ အကူအညီလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ရွာများတွင် တပ်စွဲပြီး ပြည်သူများကို မီးရှို့သတ်ဖြတ်နေသောကြောင့် တိုက်ပွဲတိမ်းရှောင်သူ တစ်သောင်းခန့်ရှိလာသောကြောင့် အစားအသောက်နှင့် အရေးပေါ်ဆေးဝါးများလိုအပ်နေသည်ဟု တိုက်ပွဲရှောင်များကို ကူညီနေသည့်အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ဘေးရှောင် တစ်သောင်းလောက်တိုးလာလို့ အရေးပေါ်ပစ္စည်းတွေလိုအပ်နေတယ်။ ဆောင်းတွင်းဆိုတော့ စောင် မိုးကာ လိုအပ်နေတာ။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အသားဘူးစတဲ့အသင့်စားပစ္စည်းတွေနဲ့ အရေးပေါ်ဆေးဝါးတစ်ချို့ အရေးတကြီးလိုအပ်နေတယ်” ဟုပြောသည်။

ယခုတိုက်ပွဲရှောင်များသည် ကျေးရွာပေါင်း ၁၅ ရွာနှင့်အထက်တိုက်ပွဲရှောင်နေကြပြီး မွေးကင်းစကလေးများနှင့် အသက် ၈၀ ခန့်အဘိုးအဘွားများပါဝင်ပြီး အမျိုးသမီးများရာခိုင်နှုန်းပိုများသည်ဟု သူကပြောသည်။

ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်များ ဒုန်းတောကျေးရွာအနီးမှ ဒေသခံ ပြည်သူ ၁၁ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ