ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ဗက်သနီ (Bathany) ဆေးခန်းတွင် နိုဝင်ဘာ ၁၀ ရက်နေ့ည ၇ နာရီခွဲခန့်က အောက်စီဂျင်အိုးပေါက်ကွဲမှုကြောင့် မိသားစုဝင်နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

သေဆုံးသူမှာ အောက်စီဂျင်ရှူနေရသည့် လူနာနှစ်ဦးဖြစ်ပြီး မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ သတင်းအရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အောက်စီဂျင်အိုးအနီး ဖယောင်းတိုင်မီးထွန်းလိုက်လို့ ပေါက်ကွဲတယ်လို့ကြားပါတယ်။ သေဆုံးသူနှစ်ဦးက ဘာသာရေးသင်းအုပ်ဆရာနဲ့သူ့ဇနီးပါ။ သားဖြစ်သူကလည်း ဒဏ်ရာရထားသေးတယ်။ ဒဏ်ရာရထားတဲ့သားက အခြေအနေသိပ်မစိုးရိမ်ရဘူ။” ဟုသူကပြောသည်။

သူတို့က ဆေးခန်းမှာ အောက်စီဂျင်ရှူနေရတဲ့ လူနာတွေပေါ့။ ဆေးခန်းအပေါ်ထပ်လည်း ပျက်ဆီးသွားတယ်”ဟု ပြောသည်။

ကွယ်လွန်သွားသူမှာ အသက် ၅၈ နှစ်အရွယ် သိက္ခာတော်ဆရာတော် ဒေါက်တာ လာလ်ဒုအောမ်မာ (Rev. Dr Lalduhawma) နှင့် ဇနီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒေါ် ပီးရိုရှားမီး (Pi Rosiami ) တို့ဖြစ်ကြောင်းသိရသည်။

ကလေးမြို့ရှိ တာဟန်းရပ်ကွက်တွင် လွန်ခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားနှစ်ဦး ကင်းစောင့်ကာ ဘီယာသောက်နေစဉ် လက်လုပ်ဗုံးဟု ယူဆရသော ဗုံးတစ်လုံးပစ်ခံရကြောင်း ဒေသခံများထံက သိရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ