ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အထက်တန်းကျောင်း(ခွဲ) စာသင်ကျောင်းအနီးတွင် ယနေ့ ၊ ညနေ ၆ နာရီခွဲခန့်က မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

Lucky Seven ပန့်ဆီဆိုင်နှင့်စာသင်ကျောင်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ပန့်ဆိုင်နားမှာ ပေါက်တာ၊ စာသင်ကျောင်းအနီးတစ်ဝိုက်ကွဲတာပေါ့၊ ကျောင်းဖွင့်လို့ကွဲတာလို့ပြောလို့ရတယ်၊ စစ်ကောင်စီဖွင့်တဲ့ကျောင်း မဖွင့်စေချင်တာပေါ့။ ဟိုနေ့ကလိုမျိုးပဲ အသံတော့ ကျယ်တယ်” ဟု ပြောသည်။

မှော်စီစာကျေးရွာ အ.ထ.က (ခွဲ) ကျောင်းအရှေ့တွင် ယမန်နေ့ နံနက်ပိုင်းကလည်း ရပ်တန့်ထားသည့် ရဲကားတစ်စီး မိုင်းခွဲခံရသောကြောင့် ကားမှန်များ ပျက်စီးသွားခဲ့သည်။

ဖားကန့်မြို့နယ်ရှိ အစိုးရရုံးများ၊ ဆေးရုံနှင့် စာသင်ကျောင်းများတွင် မကြာခဏ မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အင်တာနက် ဖြတ်တောက်ခံထားရသည်မှာလည်း ရက်ပေါင်း ၈၀ ခန့်ရှိပြီဖြစ်သည်။

ပုံ/ ပြီးခဲ့သည့် ဇွန်လက မှော်စီစာကျေးရွာ အ.ထ.က (ခွဲ) တွင် မပေါက်ကွဲသေးသော မိုင်းတစ်လုံးတွေ့ရှိခဲ့စဉ် (Photo-CJ)

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ