ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခ.မ.ရ) ၃၃၆ ကို ယမန်နေ့ ည ၉ နာရီခွဲခန့်က ဖယ်ခုံ PDFများ အလစ်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကင်းတဲတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ လက်နက်များသိမ်းဆည် ရမိခဲ့ကြောင်း ဖယ်ခုံ PDF က The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ အလစ်အငိုက်ဝင်ပစ်တာ ပြီးမှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သူတို့ ပြန်ပစ်တယ်၊ လူတွေ ကင်းစောင့်နေတာ ကျွန်တော်တို့ လက်ဦးမှု ရတော့ သူတို့ဘက်ကျတာပေါ့ သူတို့က သေနတ်တွေနဲ့ ဟုတ်တယ်၊ သေတဲ့သူက သေနတ်တွေနဲ့ အဲတာတွေ သိမ်းခဲ့တာ၊ ၃၃၆ ဆိုပြီးဒင်မှာရေးထားတယ်” ဟု သူက ပြောသည်။

ခမရ ၃၃၆ တပ်အား ဝင်ရောက်ပစ်ခတ်ချိန်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ဖယ်ခုံ PDFများဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ