ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှ မြို့ထဲဘက်သို့ ယနေ့ညနေ ၆ နာရီခန့်က ရဟတ်ယာဉ်တစ်စင်းသည် ပျံသန်းသွားကြောင်းသိရသည်။

တပ်ကုန်းရပ်ကွက် ရွှေလမ်းမထိပ်ရှိ မီးပွိုင့်မှ မြို့ထဲသို့ ပျံသန်းသွားခြင်းဖြစ်သည်ဟု ‌မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တပ်ကုန်းမီးပွိုင့်မှာ ရပ်‌နေတဲ့အချိန် မြို့ထဲဘက်ကိုသွားလိုက်တယ် အသံကျယ်တယ်” ဟုသူကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် အောက်တိုဘာလ၈ ရက်နေ့ကလည်း ဂျက်လေယာဉ်သုံးစင်းပျံသန်းခဲ့သည့်အပြင် မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်ရှိနေရာအချို့တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ