ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်မြေများတွင် ယနေ့ အောက်တိုဘာလ ၁၆ ရက်နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၂၆) နယ်မြေများသို့ စစ်ကောင်စီတပ်များဖြစ်ကြသည့် ခ.လ.ရ (၁၅)၊ (၁၂၂) နှင့် ခ.မ.ရ (၃၆၈) ပူးပေါင်းတပ်များက ချီတက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အလားတူ မုံကိုးမြို့နယ်အတွင်းရှိ ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေများတွင်လည်း စစ်ကောင်စီတပ်နှင့် ယနေ့နံနက် ၁၁ ခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့သည်။

မုံကိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်များအကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များက စစ်အင်အားတိုးချဲ့လျက်ရှိသည်ဟု သိရသည်။

ကိုးကား – The Kachin Net

Photo Credit – Myanmar Time

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ