ကချင်အမျိုးသားအသင်း (KNO) ဥက္ကဌ ဒူဝါဘောမ်ဝမ်လရော် ယနေ့ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းတွင် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားကြောင်း သိရသည်။
ဒူဝါဘောမ်ဝမ်လရော်သည် ကချင်လူမျိုးများအကြား ချမ်းသာကြွယ်ဝသော နိုင်ငံရေးသမားအဖြစ် လူသိများထင်ရှားသူဖြစ်ကာ ကချင်အမျိုးသားအသင်း (KNO) ကို ကွယ်လွန်ချိန်အထိ ဦးဆောင်ခဲ့သူဖြစ်သည်။

ပြည်ပအခြေစိုက် ကချင်အမျိုးသားအသင်း (KNO) ကို ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကာ အမေရိကား၊ ဗြိတိန်၊ ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံအချို့တွင် ရုံးခွဲများဖွင့်လှစ်ပြီး ကချင်အရေးလုပ်ဆောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ