စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကမ်းနီရွာအထွက်ရှိ စာသင်ကျောင်းအနီးမှ စစ်ကောင်စီရဲကင်းကို ယမန်နေ့ အောက်တိုဘာ ၄ ရက်နေ့ညက ထီးချိုင့် PDF များ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်များသည် ရွာသို့လာရောက်လျှင် ရဲကင်းများ၌ နေထိုင်သည်ကို အလိုမရှိသောကြောင့် မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ထီးချိုင့် PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က The 74 Media ကိုပြောသည်။

“စစ်ကောင်စီတပ်တွေရောက်လာရင် ရဲကင်းတွေမှာနေရာယူတတ်လို့ သူတို့မနေအောင် မီးရှို့ရခြင်းဖြစ်ပါတယ်။ မောင်းကုန်းရဲကင်းနဲ့ မြတောင်ရဲကင်းမှာ ရဲတွေမနေတော့ပေမယ့် စစ်သားတွေနေထိုင်နေတာကြောင့်။ အဲ့လိုမဖြစ်အောင် မီးရှို့ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ထိုရဲကင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်နေထိုင်ကာ နယ်မြေစိုးမိုးမှု ပြုလုပ်လျက်ရှိပြီး ယခုချိန်၌ ရဲကင်းအား ရှောင်သွားသည်မှာ သုံးလခန့်မျှရှိပြီဖြစ်ပြီး မြို့ပေါ်ရှိ ရဲစခန်း၌ စုနေကြကြောင်း သူကဆက်ပြောသည်။

ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် အောက်တိုဘာ ၃ ရက်နေ့ ည ၈နာရီခွဲခန့်ကလည်း အလယ်တော ရဲကင်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ