ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိ ဘူတာတိုက်တန်းအနီးတွင် ယနေ့ အောက်တိုဘာ ၄ ရက်နေ့ ည ၈နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘူတာတိုက်တန်းရှိရာ လမ်းပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်နှင့် အရှိန်ဖြင့် ကွေ့လာသော အိမ်စီးကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Mediaကိုပြောသည်။

“သုံးဘီးသမားက ပြောင်းပြန်လာပြီး ကားသမားက အရှိန်နဲ့ ကွေ့တော့ ဖြစ်သွားတာပါ။ သုံးဘီးသမားတော့ ခြေထောက်ထိတယ်ထင်တယ် ထော့နဲ့ထော့နဲ့ ဖြစ်နေတာ ဆိုင်ကယ်နဲ့ ဆေးရုံသွားလိုက်ပြီ။ ကားသမားက ဘာမှမဖြစ်ဘူး။” ဟုသူကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားချိန် လမ်းပိတ်ဆို့မှု ဖြစ်ပွားနေချိန် ကားသမားသည် ဘူတာတိုက်တန်းရှိ လမ်းကြားထဲသို့ သွားလိုက်သည်ကို တွေ့လိုက်ကြောင်း သူကဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရွှေလမ်းမ မီးပွိုင့်အနီးတွင်လည်း စက်တင်ဘာ ၁၉ ရက်နေ့က ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ