ငါလည်း သေမှာကိုတော့ ကြောက်တာပေါ့

သေခြင်းတရားကို တွေးမိမှာစိုးလို့ပဲ သင်္ချိုင်းတောင်မသွားရဲဘူး

ရှောင်လွဲလို့မရတဲ့တရားဖြစ်လို့ ဘဝကူးခဲ့ရင်တောင် အသက်ရာကျော်မှ မနာမကျင်ပဲ ထာဝရ အိပ်ပျော်ခွင့်အတွက် ဘုရားကိုဆုတောင်းထားသေးတာ

ဒဏ်ရာရမှာကိုလား ကြောက်တာပေါ့ သွေးပေနေတဲ့ဒဏ်ရာတွေကို ကြောက်တတ်လို့လည်း Nurse မလုပ်ခဲ့တာပါ

ခက်ခဲကြမ်းတမ်းမှုတွေကိုလည်း ဘယ်လိုချင်မလဲ၊ ဘဝမှာခက်ခဲမှုကို မကြုံချင်လို့ပဲ စာတွေကြိုးစားပြီး လစာများများနဲ့ သက်တောင့်သက်သာရှိတဲ့ အလုပ်ရတဲ့ထိ ကြိုးစားခဲ့တာပါ

စစ်ပွဲကိုလား ကြောက်တာပေါ့ ပွဲဆိုလို့ ခရစ္စ်မတ်ပွဲနဲ့ မင်္ဂလာဆောင်ပွဲတွေပဲ တက်ခဲ့တာ ဘဝက မျက်လှည့်လိုပဲ လုံးဝစိတ်ကူးထဲ၊ အိမ်မက်ထဲတောင် မတွေး မမက်ဖူးတဲ့အရာတွေဖြစ်လာတယ် ငါမလုပ်နိုင်ဘူး။

ငါမလုပ်ရဲဘူးလို့ထင်ထားတဲ့အရာတွေ အခုငါကိုယ်တိုင်လုပ်ဖြစ်နေတယ်

ရတာပေါ့ အရာအားလုံးကို လျစ်လျူရှုပြီး လကုန်တိုင်း လစာလေးထုတ် မိသားစုနဲ့ အိမ်မှာနေမယ်ဆိုရတာပေါ့

ဒီခရီးကြမ်းတမ်းမယ်ဆိုမှန်း သိတယ်လေ သက်တောင့်သက်သာနေချင်တယ်ဆိုရင် အစကတည်းက ကျွန်မဒီခရီးကို ရွေးချယ်ခဲ့စရာအကြောင်းမရှိဘူး

ငါတို့အမိနိုင်ငံတော်ရဲ့ အနာဂတ်၊ မောင်လေး/ညီမလေးတွေရဲ့ အနာဂတ်အတွက်နဲ့ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ

မိမိအသက်နဲ့လဲရမယ့်အလုပ်ဖြစ်တဲ့အတွက် တော်လှန်ရေးပြီးရင် ငါအသက်ရှင်နေသေးမယ် မရှင်ဘူးဆိုတာတော့ ၅၀ % ၅၀ % ပါ

ဒါပေမယ့် ကျွန်မသေချာပေါက် ကတိပေးနိုင်တာတစ်ခုရှိတယ်

အဲဒါက တော်လှန်ရေးအောင်ကိုအောင်ရမယ်ဆိုတာပါ

ကျွန်တော်ရဲ့ idol က အမေပါ

တကယ်တော့ ကျွန်တော်လည်း အမျိုးသမီးတစ်ယောက်ဆိုပါတော့

ဒါပေမဲ့အခွင့်အရေးကို ထိုင်တောင်းနေမယ့် လူစားထဲမှာ ကျွန်မမပါဘူး

ကိုယ်တိုင်ရှေ့ထွက် အနာဂတ်ကို ထုဆစ်မယ့် အမေ့သမီးစစ်စစ်ပါ

#အရေးတော်ပုံ အောင်ရမည်

သင့်ထင်မြင်ချက်ရေးပေးပါ