ဖားကန့် အေးမြသာယာရပ်ကွက်တွင် ဗုံးကွဲ

ကချင်ပြည်နယ် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် မနကျေးရွာတွင် ယနေ့ညနေ ၅ နာရီခွဲခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့် အေးမြသာယာရပ်ကွက်တွင် ဗုံးကွဲ

မနကျေးရွာ ကုန်းဆင်းတွင်  ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ လာတော့ အသံအကျယ်ကြီးဘဲ ဂဲလုံးတွေပါစင်တယ်၊ ကျွန်တော်တို့ အရှေ့ကားကတော့ ကားမှန်ကွဲသွားတယ်။” ဟုသူကပြောသည်။

စစ်ကောင်စီတပ်ကလည်း ယနေ့ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးလျက်ရှိကြောင်း သူကဆက်ပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု တိုက်နယ်ဆေးရုံနှင့် လုံးခင်းဈေး တို့တွင် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *