ကွတ်ခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော်သေဆုံး
ကွတ်ခိုင်တွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်ပေါင်းစုတို့အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပိဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်းလက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိကြောင်း ကိုးကန့်အဖွဲ့ (MNDAA) က သတင်းထုတ်ပြန်ခဲ့သည်။
တပ်ပေါင်းစုတွင် တအောင်း (ပ​လောင်) TNLA အဖွဲ့ နှင့် ကိုးကန့် (MNDAA) အဖွဲ့တို့ပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကွတ်ခိုင်မြို့နယ်အတွင်း မေလ ၄ ရက်မှစတင်ကာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ