မုံရွာတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသခံတစ်ဦးကို အကြမ်းဖက်သတ်ဖြတ်၊ ရုပ်အလောင်းကို ကားဖြင့် တက်ကြိတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွေးကျေးရွာနှင့် ကြေးမုံရွာတွင် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသခံတစ်ဦးကို အကြမ်းဖက်သတ်ဖြတ်၊ ရုပ်အလောင်းကို ကားဖြင့် တက်ကြိတ်

မုံရွေးကျေးရွာနှင့် ကြေးမုံရွာတွင် စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ရွာအတွင်း ပိတ်ဆို့မှုများပြုလုပ်ထားသည်ဟု မုံရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကြေးမုံကို အရင်ဝင်တာ ရွာနှစ်ရွာက ကပ်ရပ်ပဲ ရွာကိုဝင်စီးတော့ ရွာသွာတွေလည်း ထွက်ပြေးနေရတယ် ပြည်သူတွေထိထားတာရှိတယ် တစ်ယောက်သေတာတော့ အတည်ပြုလို့ရတယ်။ Dead body ကိုကားနဲ့ ထပ်ကြိတ်သွားသေးတယ်။ နောက်တစ်ယောက်တော့ အတည်ပြုလို့မရသေးဘူး။” ဟုသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ပြည်သူအချို့လည်း ဖမ်းဆီးခံထားရသည်ဟု ကနဦးသိရကြောင်း သူကဆက်ပြောသည်။

မုံရွေးကျေးရွာနှင့်  ကြေးမုံရွာကို စစ်ကောင်စီတပ်မှ ဝိုင်းထားပြီး ထိခိုက်ကျဆုံးမှုများရှိ၍ အနီးဝန်းကျင်ရွာများမှ ဝိုင်းဝန်းထကြွပေးကြရန် မုံရွေးကြေးမုံ သပိတ်စစ်ကြောင်း ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ