KIA solider

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မကောက်ဇွပ်ကျေးရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က တနိုင်းမြို့သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ယာဉ်တန်းဖြင့် ဒေသအခေါ်  ၈ မိုင်လမ်းအတိုင်းတက်လာပြီး မရန်ကထောင်ကျေးရွာအရောက်တွင် ခြေလျှင်ဖြင့် ဆက်လက်ချီတက်လာရာ KIA အဖွဲ့က မကောက်ဇွပ်ကျေးရွာနားအရောက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် KIA အဖွဲ့၏ တိုက်ခိုက်ခံရပြီးနောက် အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းဖြင့် ဆက်လက်ချီတက်သွာပြီး လွယ်လီချောင်းအကျော် ဒွမ်ဘွမ်ကျေးရွာအနီးတွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးထိခိုက်သူရှိ၊ မရှိမူ The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် တနိုင်းနှင့်ဖားကန့်ဒေသများသို့ စစ်အင်အားတိုးချဲ့လှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် KIA အဖွဲ့နှင့်မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ