စစ်ကောင်စီခန့်အပ်သော အုပ်ချုပ်ရေးမှူးသားအဖနှင့် အထူးရဲ ပစ်ခတ်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် စက်တင်ဘာ ၂၁ ရက်ည ၈နာရီခန့်က စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး သားအဖနှင့် အထူးရဲတစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။

ကုက္ကိုကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူ ဦးမြင့်မောင်နှင့် သားဖြစ်သူတို့သည် နေအိမ်တွင် အသတ်ခံရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

စစ်ကောင်စီခန့်အပ်သော အုပ်ချုပ်ရေးမှူးသားအဖနှင့် အထူးရဲ ပစ်ခတ်သတ်ဖြတ်ခံရ

“ဒလန်လုပ်လို့နေမှာ ဦးမြင့်မောင် သားအဖရော အထူးရဲမှူးရော အိမ်ထဲမှာ ပစ်သတ်ခံထားရတာ၊ တစ်ရွာတည်းပဲ အိမ်တော့မတူဘူး။ ဦးမြင့်မောင် အိမ်မှာက ဗုံးလဲကွဲတယ် သူ့မိန်းမက ဗုံးစထိတယ်ပြောတယ်။ ရွာကို စစ်တပ်ကငါးရက်လောက် လာစခန်းချတုန်းက ဒေသခံတွေရှောင်နေတဲ့အချိန် အိမ်တွေက ဆီတွေ ဆန်တွေ ဝက်တွေရော အချုပ်ကားပေါ်ယူသွားတာ။ စကစတွေပြန်မယ့် နောက်ဆုံးညလည်း အုပ်ကြီး ဦးမြင့်မောင်အိမ်မှာ ပျော်ပွဲစားသွားတာပဲ။ အထူးရဲလည်း အဲ့တုန်းက အဲ့ထဲဝင်လိုက်ထွက်လိုက်နဲ့ “ ဟု သူကပြောသည်။

ပစ်သတ်ခံရသူ အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်သည် အသက် ၅၀ နှစ်၊ သားဖြစ်သူ ကိုရာဇာ အသက် ၃၅ နှစ်နှင့် အထူးရဲ ဦးသန်းလင်း အသက် ၅၂ နှစ်တို့ဖြစ်သည်။

ကောလင်းမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံတို့၏ နေအိမ်များ ပျက်စီးကာ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ