စစ်ကောင်စီအထိနာခဲ့သည့် ပင်လည်ဘူးတွင် တိုက်လေယာဉ်ပျံဝဲ

စစ်ကောင်စီ အသေအပျောက်များခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် ယနေ့ မွန်းလွှဲ ၁ နာရီခွဲခန့်က စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးပျံသန်းနေကြောင်း သိရသည်။

စစ်ကောင်စီအထိနာခဲ့သည့် ပင်လည်ဘူးတွင် တိုက်လေယာဉ်ပျံဝဲ

ပင်လည်ဘူးမြို့နယ်တွင် ယမန်နေ့ည စစ်ကောင်စီနှင့် PDF တို့တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့စစ်ကောင်စီ တိုက်လေယာဉ်ပျံသန်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အချိန်ကတော့ ကျွန်တော်တို့ဆီ မိနစ်ပိုင်းပဲ ပင်လည်ဘူးနယ် တဝိုက်တော့ အကုန်ရောက်တယ်တဲ့။ မနေ့ည   တိုက်ပွဲဖြစ်လို့ ကင်းပတ်တာ ထင်တယ်။” ဟုပြောသည်။

ပင်လည်ဘူးမြို့နယ်တွင် ယမန်နေ့ည၌ စစ်ကောင်စီနှင့် PDF တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ အသေအပျောက်များခဲ့သည်။

ဓာတ်ပုံ – ပင်လည်ဘူးတွင် ပျံဝဲခဲ့သည့် စစ်ကောင်စီ၏ K8 အပေါ့စားတိုက်ခိုက်ရေးတိုက်လေယာဉ်

သင့်ထင်မြင်ချက်ရေးပေးပါ