Mytel ကချင်ပြည်နယ်ရုံးခွဲ ဗုံးခွဲတိုက်ခိုက်ခံရ

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံတောင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ Mytel (ကချင်ပြည်နယ်ရုံးခွဲ) တွင် ယ​နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

​ဗုံးပေါက်ကွဲသံသည် အလွန်ကျယ်​လောင်ပြီး ​သေနတ်ပစ်ခတ်သံများလည်းကြားရ​ကြောင်း သတင်းရင်းမြစ်တစ်ဦးကThe 74 Media ကိုပြောသည်။

“​​ပေါက်ကွဲသံအရမ်းကျယ်တယ်။ ဗုံးပေါက်ပြီးမှ သေနတ်​​တွေ​ရောပစ်သွားတယ်။ လေးချက်လောက်” ဟုသူကပြောသည်။

ဗုံးပေါက်ကွဲမှု​ကြောင့် ​သေဆုံးထိခိုက်သူရှိ၊ မရှိကိုမူ The 74 Media ကဆက်လက်စုံစမ်း​နေဆဲဖြစ်သည်။

အဆိုပါ Mytel ကချင်ပြည်နယ်ရုံးခွဲတွင် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ဗုံးခွဲတိုက်ခိုက်ခံရပြီး ရုံးဝန်ထမ်းဖြစ်သည့်ဗီယက်နမ်နိုင်ငံသားတစ်ဦး လက်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရုံးပစ္စည်းအချို့ပျက်စီးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ