ဖားကန့်မြို့နယ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆိုင်းရာကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ၊ ည ၇ နာရီခွဲခန့်က Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရကြောင်း သိရသည်။

ဆိုင်းရာကျေးရွာ အပြင်ရှိ Mytel ဖုန်းတာဝါတိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တာဝါတိုင်လဲသွားခြင်းမရှိကြောင်း လုံးခင်းကျေးရွာ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ထွန်းတောက်ဆီဆိုင်နားက တာဝါတိုင်ဟုတ်တယ် လှဲတော့မလှဲသွားဘူး။ အိမ်ကနေတောင် အသံနှစ်ချက် ကြားတယ်။ အသံက တော်တော်ကျယ်တယ်။ အဲ့အနီးအနားက အိမ်တွေဆို လှုပ်တောင်လှုပ်သွားတယ်တဲ့။” ဟု သူကပြောသည်။
ပေါက်ကွဲမှုကြောင့် လူ အထိအခိုက် မရှိသော်လည်း တာဝါတိုင်ရှိ စက်များပျက်စီးသွားကြောင်း သူက ဆက်ပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ (ဆိုင်းတောင်) ကျောက်သွေးတောင်အနီးရှိ Mytel တာဝါတိုင်သည် စက်တင်ဘာလ ၁၆ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် နှစ်ကြိမ် မိုင်းခွဲဖျက်စီးခံခဲ့ရသည်။
ဖားကန့်မြို့နယ်တွင် ဩဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ ဖုန်းအင်တာနက်နှင့် Wifi အင်တာနက်လိုင်း များ ယနေ့အထိ ဖြတ်တောက်ခံထားရဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ