ဒီးမော့ဆိုတိုက်ပွဲအတွင်း PDF တစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများနှင့်ပျောက်ဆုံးနေသူများရှိနေ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ ခြောက်မိုင်ကျေးရွာတွင် ယမန်နေ့ မွှန်းလွဲ ၁၂ နာရီခန့်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KPDF ဘက်မှတစ်ဦးကျဆုံးခဲ့ပြီး ပျောက်ဆုံးသူနှင့်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။

တိုက်ပွဲ နှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီး KPDF တစ်ဦးကျဆုံးကာ နှစ်ဦးပျောက်ဆုံးနေပြီး လေးဦးဒဏ်ရာရှိခဲ့ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
ဒီးမော့ဆိုတိုက်ပွဲအတွင်း PDF တစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများနှင့်ပျောက်ဆုံးနေသူများရှိနေ
“တိုက်ပွဲက ၁၂ နာရီကနေစပြီး နှစ်နာရီမှာ ပြီးသွားတယ်။ အခြေအနေက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတော့ စတင်ပစ်ခတ်မှုဖြစ်ပွားတာပေါ့။ လူအင်အားနဲ့ လက်နက်ကွာဟမှုရှိတာကြောင့် ကျွန်တော်တို့ဘက်က အနည်းငယ်ဆုတ်လိုက်ရတဲ့ အနေအထားတွေတော့ ရှိပါတယ်။ PDF တစ်ဦးကျပြီးတော့ လေးဦးထိခိုက်ဒဏ်ရာရထားပါတယ်။ နှစ်ဦးတော့ အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးနေပါတယ်။ တိုက်ပွဲမဖြစ်တဲ့ကျေးရွာအထိ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတယ်” ဟု ပြောသည်။
လက်ရှိတွင် နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သည်ဟု သူကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်သည် အင်အား ၂၀၀ ကျော်ခန့်ရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရရှိသူအရေအတွက်ကို မသိရှိသေးကြောင်း သူကဆက်ပြောသည်။
ကယားပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ ၉၃ ဦးနှင့် ဖမ်းဆီးခံရသူ ၁၃၉ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) မှ စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
Photo – ဒီး​မောဆိုGen-Z
သင့်ထင်မြင်ချက်ရေးပေးပါ