မြစ်ကြီးနား စီးပွားရေးဘဏ်ရှေ့ မိုင်းကွဲ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားရောက်လာသည်ဟု ဘဏ်အနီးအနားတွင် ရှိနေသူတစ်ဦးက The 74 Media ကိုပြောသည်။

“မြန်မာ့စီးပွားရေးဘဏ်ရှေ့ မိုင်းခွဲသွားတာ၊ ပေါက်ပြီးတော့မှ အစောင့်တွေအများကြီးပဲ၊ လူတွေ ရှုပ်ယှက်ခတ်နေတာပဲ၊ ရဲတွေလည်း အုံနေတာ။” ဟု သူကပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်တွင်လည်း ဩဂုတ် ၂၁ ရက်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ဓါတ်ပုံ – ၂၀၂၁ ခုနှစ် မေလအတွင်း ရိုက်ကူးထားသောပုံဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ