ဆီချွေတာနိုင်ရန် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကားနှင့် မြေအောက်ရထားများကို လုပ်ဆောင်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
မြန်မာနိုင်ငံတွင် ဆီသုံးစွဲမှုများကို ချွေတာနိုင်ရန် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကားနှင့် မြေအောက်ရထားများကို လုပ်ဆောင်ရမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က လားရှိုးမြို့တွင် ပြောကြားလိုက်သည်။

ဆီချွေတာနိုင်ရန် လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကားနှင့် မြေအောက်ရထားများကို လုပ်ဆောင်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
လားရှိုးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲရုံးတွင်ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများကို တွေ့ဆုံစဉ် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားခဲ့သည်ဟု ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် အောက်ပါအတိုင်း ထည့်သွင်းဖော်ပြထားသည်။
“…ဆီသုံးစွဲမှုများကို ချွေတာနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်သည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများ ဥပမာအားဖြင့် – လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထားစသည်ဖြင့် စဉ်းစားလုပ်ဆောင်ရမည်…”
အာဏာသိမ်းစစ်ခေါင်းဆောင်သည် လားရှိုးမြို့သို့ မသွားရောက်မှီ မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့ပြီးအလားတူ တွေ့ဆုံမှုမျိုးပြုလုပ်ခဲ့ကာ မဲစာရင်းမှားယွင်းသဖြင့် အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပူတာအိုမြို့သို့သွားရောက်မည်ဟု သတင်းထွက်ပေါ်ခဲ့သည့်နောက် ကချင်လွတ်မြောက်ရေးအဖွဲ့က ပူတာအိုလမ်းပိုင်းကို သုံးရက်ကြာပိတ်ဆို့မည်ဟု သတင်းများဆက်လက်ထွက်ပေါ်လာခဲ့ပြီး ပူတာအိုမြို့သို့ သွားရောက်ခဲ့ခြင်း မရှိပါ။
သင့်ထင်မြင်ချက်ရေးပေးပါ