Yak - 130 လေ့ကျင့်ရေးလေယာဉ်တစ်စီး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယနေ့ နံနက် ၁၀ နာရီခန့်က ဘဏ်အနီးရှိရပ်ကွက်ပေါ်တွင် ဂျက်လေယာဉ်တစ်စင်းပျံဝဲနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့မှ မြန်မာ့စီးပွားရေးဘဏ်တည်ရှိရာ ရန်ကြီးအောင်ရပ်ကွက်တွင် ဂျက်လေယာဉ်တစ်စင်း ပျံဝဲနေသည်ကို တွေ့ရှိရသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
Yak - 130 လေ့ကျင့်ရေးလေယာဉ်တစ်စီး
“ဂျက်လေယာဉ်ဝဲနေတာ နိမ့်နိမ့်လေး အခုပဲ ဒီနားတစ်ဝိုက်လိုဘဲ နှစ်ခါရှိပြီ ပတ်တာတော့ အခုပျောက်သွားပြီ ဘယ်ဘက်သွားလိုက်တာတော့မသဲကွဲဘူး အသံက တစ်စီးသံဘဲကြားတယ်။” ဟုသူကပြောသည်။
မြစ်ကြီးနားမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အနီးတွင် ယနေ့ နံနက် ၉ နာရီခန့်က ဗုံးပေါက်မှုဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေပြီး ဖားကန့်မြို့အတွင်း စက်တင်ဘာလ ၁၆ ရက်နှင့် ၁၈ ရက်နေ့များတွင် Mytel တာဝါတိုင်တစ်ခု ဗုံးဖောက်ခွဲခံခဲ့ရသည်။
photo – စစ်ကောင်စီ (လေ) တပ်၏ Yak – 130 လေ့ကျင့်ရေးလေယာဉ်တစ်စီးကို တွေ့ရစဉ် (Photo Credit)
သင့်ထင်မြင်ချက်ရေးပေးပါ