ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတို့၏ နေအိမ်များ မီးလောင်ပျက်စီးခဲ့‌ကြောင်း သိရသည်။

ထန်တလန်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတို့၏ နေအိမ် ၁၁ လုံး မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“၂ နာရီခွဲလောက်ကနေ မီးလောင်တာ အခုထိပဲ CDF တွေကို မနိုင်လို့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ ၁၀အိမ်ကျော်မီးလောင်နေပြီ အခုထိငြိမ်းမရသေးဘူး တော်တော်လေးလောင်နေပြီ” ဟု သူကပြောသည်။

ထို့ပြင် ကက်သလစ် ဘုရားကျောင်းလည်း ပစ်ခတ်ခံရကြောင်း သူကဆက်ပြောသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် တိုက်ပွဲကြောင့် စစ်‌ဘေးတိမ်းရှောင်‌နေသူဦးရေ စုစုပေါင်း ၅၂၂၇ ဦးရှိပြီဖြစ်သည်။

 

 

 

သင့်ထင်မြင်ချက်ရေးပေးပါ