ဖားကန့်မြို့နယ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာရှိ Mytel တာဝါတိုင်ကို စက်တင်ဘာလ ၁၈ ရက်နေ့၊ ည ၇ နာရီခွဲခန့် ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံရကြောင်း သိရသည်။

ပေါက်ကွဲသံ ကြားခဲ့ရပြီး မီးခိုးငွေ့များ မြင်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ကျောက်သွေးတောင် အနောက်က ဖျက်စီးခံရတာ မီးခိုးတွေမြင်နေရတယ်၊ တာဝါတိုင် ဖောက်ခွဲခံလိုက်ရတာ၊ ပြိုတော့မပြိုကြဘူး” ဟု သူကပြောသည်။
Mytel တာဝါတိုင်ကို မည်သည့်အဖွဲ့အစည်းမှ ဖျက်ဆီးလိုက်သည်ကို မသိရှိရကြောင်း သူကဆက်ပြောသည်။
ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာရှိ Mytel တာဝါတိုင်သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်း တစ်ကြိမ် ဖောက်ခွဲခံခဲ့ရပြီးဖြစ်သည်။
ဖားကန့်မြို့နယ်တွင် ဖုန်းအင်တာနက်နှင့် Wifi လိုင်း များ အားလုံး ဩဂုတ်လ ၂၀ ရက်နေ့မှစ၍ ယ‌နေ့ထိ ဖြတ်တောက်ခံထားရဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *