ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယနေ့ စက်တင်ဘာလ ၁၈ ရက်၊ ည ၈နာရီခန့်မှ စတင်ကာ သေနတ်ပစ်ခတ်သံများ အဆက်မပြတ် ကြားရပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကနဦး သိရသည်။

ဟားခါးမြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုကြောင့်ဒေသခံနှစ်ဦး ထိခိုက် ဟားခါးဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။
“စကစက ပတ်ရမ်းပစ်နေတာထင်တယ်၊ ဗုံးဖောက်လိုက် သေနတ်ဖောက်လိုက်နဲ့ ကျည်လား ဘာလားတော့ သေချာမသိဘူး နှစ်ယောက်ထိတာတော့ သေချာသိတယ်၊ တစ်ယောက်က ပေါင်မှာ နောက်တစ်ယောက်က ခေါင်းမှာ” ဟု သူကပြောသည်။
ဒဏ်ရာရရှိထားသူနှစ်ဦးမှာ ချင်းဦးစီးရပ်ကွက် မြို့ပတ်လမ်း အနီးတွင် နေထိုင်သူများဖြစ်‌ကြောင်း သူကဆက်ပြောသည်။
ဟားခါးမြို့ရှိ ပြည်သူတစ်ဦး၏ နေအိမ်တစ်အိမ်လည်း မီးလောင်‌နေ ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။
“မြို့ထဲက အိမ်တစ်အိမ် လောင်သွားသေးတယ် ခုနက ထိတဲ့နှစ်ယောက်တို့ အိမ်နားနဲ့နီးတယ်၊ စကစ က ဗုံးနဲ့ပစ်တယ်လို့ ပြောကြတယ် ” ဟု သူကပြောသည်။
ယခုပစ်ခတ်မှု‌ကြောင့် ဒေသခံပြည်သူများ အထိအခိုက် ရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွာလျက်ရှိပြီး ယနေ့ညနေ ထန့်တလန်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ